Myanmar Information Highway
International Network

သတင်းထုတ်ပြန်ချက်

 

သတင်းများ

 

 

Myanmar Information Highway (MIH) launches the fastest fiber-optic Internet broadband for business in Yangon.

 
 

ဒစ်ဂျစ်တယ်ခေတ်၌ လုပ်ငန်းများအောင်မြင်ရေးတွင်ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦကောင်း ရှိရေးသည် အရေးကြီးသည့်အချက်ဖြစ်ကြောင်း Myanmar Information Highway (MIH) ၏ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ ဆန်တီ မက်ဟာဗီကူလ်က ပြောကြားသည်။ Internetworldstat 2017 စစ်တမ်းအရ မြန်မာနိုင်ငံသည် အင်တာနက်ဖြန့်ကျက်မှုနှုန်း ၃၃ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။ တစ်ပြိုင်တည်းမှာပင် International Telecommunication Union (ITU) ၏ ၂၀၁၇ ခုနှစ် စစ်တမ်းကလည်း မြန်မာနိုင်ငံတွင် နေရာအတည်တကျ ဘရော့ဘန်းစနစ်ကို အသုံးပြုမှုသည် ၀ ဒသမ ၇၆ ရာခိုင်နှုန်းသာ ရှိသေးကြောင်း ဖော်ပြထားသည်။ ထိုအချက်ကို ကြည့်လျှင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးသူ အများစုသည် အားကိုးစိတ်ချရမှု အကန့်အသတ်ရှိသော မိုဘိုင်းအင်တာနက်ကိုသာ အဓိက မှီခိုနေရကြောင်းကို မြင်နိုင်သည်။

ထို့ပြင် ရန်ကုန်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဗဟိုချက်မြို့တော် ဖြစ်သည်နှင့်အညီ နိုင်ငံတကာကုမ္ပဏီအများအပြား တည်ရှိနေသော နေရာလည်း ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ရှိ လုပ်ငန်းများ ကမ္ဘာ့အဆင့် နည်းပညာကို အသုံးပြုကာ ပိုမြန်ဆန်သော အင်တာနက်ဝန်ဆောင်မှု အသုံးပြုနိုင်စေရေးအတွက် MIH အနေဖြင့် ကူညီဖြည့်ဆည်းသွားရန် ရည်ရွယ် ထားပါသည်။

ထိုင်းနိုင်ငံတွင် လုပ်ငန်းအတွေ့အကြုံ ၅၈ နှစ် (Benchachinda Holding Group) ရှိထားပြီး ခေတ်အမီဆုံး နည်းပညာများကို အသုံးပြုနေသည့် MIH အနေဖြင့် ရန်ကုန်တွင် နည်းပညာမြင့်ပြီး လိုင်းဆွဲအားတည်ငြိမ်၍ မြန်နှုန်းမြင့်မားသော အင်တာနက်ဝန်ဆောင်မှုကို ပေးအပ်သွားမည်ဖြစ်ပါသည်။

MIH5.jpg

“ရန်ုကုန်ကို မြန်မာနိုင်ငံရဲ့ စီးပွားဗဟိုချက် ဂုဏ်ရည်တွေနဲ့ ပြည့်စုံစေရေးအတွက် MIH ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ကူညီဖို့ အသင့်ရှိပါတယ်” ဟု မစ္စတာ ဆန်တီက ပြောသည်။

MIH သည် ရန်ကုန်တွင် ဖိုင်ဘာအော့ပ်တစ် ကွန်ရက်လိုင်းများ ချထားရန် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ ခွင့်ပြုချက်ကို ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့ပြီး ဖြစ်သလို၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ထံမှလည်း ၂၀၁၈ ခုနှစ်အတွင်း ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ကြောင်း Myanmar Information Highway (MIH) ၏ ဂျင်နရယ် မန်နေဂျာ မစ္စတာ ပါဆာကွန် ဟွန်ဆော့ခ်က ပြောသည်။

MIH ၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများနှင့် လူနေထူထပ်သော ဧရိယာများတွင် မြန်နှုန်းစိတ်ချရသည့် ဘရော့ဘန်း အင်တာနက်ဝန်ဆောင်မှု ပေးအပ်ရန်ဖြစ်ပါသည်။

“MIH ရဲ့ ကွန်ရက်အင်အားဟာ 100 Gbps ထိ တည်ဆောက်ထားပြီးဖြစ်တာကြောင့် ရန်ကုန်မှာ ဖိုင်ဘာအော့ပ်တစ် ဘရော့ဘန်း အင်တာနက် မြန်နှုန်းအမြင့်ဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ လုပ်ငန်းတစ်ခုနေနဲ့ ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။ MIH ရဲ့ နိုင်ငံတကာ မိတ်ဖက်ဆက်သွယ်ရေးလုပ်ငန်းတွေလည်း ရှိနေတာကြောင့် ရန်ကုန်က လုပ်ငန်းတွေ နိုင်ငံတကာဖြန့်ကျက်ပြီး အထိရောက်ဆုံး လုပ်ကိုင်နိုင်အောင် MIH က ကူညီပေးနိုင်မယ်လို့ ကျိန်းသေပေါက်ပြောနိုင်ပါတယ်” ဟု မစ္စတာ ပါဆာကွန်က ပြောသည်။

MIH သည် စီးပွားလုပ်ငန်းများအတွက် နည်းပညာမြင့်ပြီး လိုင်းဆွဲအားတည်ငြိမ်၍ မြန်နှုန်း မြင့်မားသော ဖိုင်ဘာအော့ပ်တစ် နည်းပညာ အထူးတယ်လီကွန်း ဝန်ဆောင်မှု (သီးသန့် ဆက်သွယ်ရေး လမ်းကြောင်းနှင့် အင်တာနက်) များကိုလည်း မြန်နှုန်း 10 Gbps ထိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သီးသန့် လုံခြုံသော ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုလိုသည့် သုံးစွဲသူများအတွက်လည်း MIH သည် IP VPN ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ထို့အပြင် ၂၄ နာရီအပြည့် ဒေတာစင်တာ ဝန်ဆောင်မှုလည်း ပေးလျက်ရှိပြီး ဆာဗာ၊ ဒေတာဘေ့စ်၊ မမ်မိုရီပမာဏ၊ အင်တာနက်လိုင်း၊ လိုင်းအကျယ်၊ လိုင်းပမာဏတို့ကိုလည်း သုံးစွဲသူမှ စိတ်ကြိုက်ရွေးချယ်သတ်မှတ်နိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

MIH ၏ ကြားခံဆက်သွယ်ကွန်ရက်များသည် အခြားသော အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၏ ကွန်ရက်များနှင့်လည်း ချိတ်ဆက်ကာ အလုံးစုံ ခြုံငုံမှုရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးလျက်ရှိသလို၊ MIH Data Center Ring မှတစ်ဆင့် ကမ္ဘာ့ကွန်ရက်အတွင်းရှိ အခြားသော ဒေတာစင်တာများနှင့်လည်း ချိတ်ဆက်နိုင်ရန် စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်း တို့တွင် Point of Presence (PoP) ဌာနများ ဖွင့်လှစ်ထားရှိပါသည်။

လက်ရှိတွင် ရန်ကုန်၌ MIH ဘရော့ဘန်းဝန်ဆောင်မှုသည် ၂၃ မြို့နယ်ကို လွှမ်းခြုံထားနိုင်ပြီ ဖြစ်ပါသည်။ အလုံ၊ ဗဟန်း၊ ဗိုလ်တထောင်၊ ဒဂုံ၊ လှိုင်၊ အင်းစိန်၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပန်းပဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ တာမွေ၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်းတို့ ဖြစ်ပါသည်။

film thanundron